အရာတော် ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ ဥပတိရုပ်ကောင်းမွန်စေရေးအတွက် ဆေးရုံမွန်းမံပြင်ဆင်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါတည်ဆောက်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် သိန်း (၃၀၀) ဖြင့် ဆေးရုံအဝင်လမ်း ၁၅ ပေ× ၁၆၀ ပေ သံကူကွန်ကရစ်လမ်းခင်းခြင်း၊ ခွဲစိတ်ခန်းအတွင်းကြွေပြားခင်းခြင်းလုပ်ငန်းနှင့် အခြားပြင်ဆင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်နှင့် အဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံဒေါက်တာ လှိုင်ကျော်ဖြိုးဦးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)