ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲပြုလုပ်

ကလေးဝ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်စစ်တုရင်ကော်မတီအတွင်းရေးမှူး ဦးကျော်ထွေးက ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းစစ်တုရင်ပြိုင်ပွဲကို ၁၁ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု က၊ ခ ခွဲ၍ ပြိုင်ပွဲအား ပတ်လည်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲ၌ဆုရရှိသည့်အသင်းများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)