ဟုမ္မလင်းမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

ဟုမ္မလင်း ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီ(၂၉)ရက်နေ့၊ နံနက် (၁၀) နာရီက ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်းမှ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုမှတ်တိုင်များကိုလည်းကောင်း၊ ခက်ခဲ​သောဒေသများ၌ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အဓိကရည်ရွယ်ချက်များကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ် ကာကွယ်ဆေးထိုးလုပ်ငန်းတွင်ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ​ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန့်းခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးရေးနှင့်အုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)