ဟုမ္မလင်းမြို့၌ "(၇၉) နှစ်မြောက်ပြည်  ထောင်စုနေ့အကြိုအထိမ်းအမှတ်"ဉာဏစွမ်းရည်ပြိုင်ပွဲ နှင့်အသိပညာ‌ ပေးဟောပြောပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီလ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက်ပြည် ထောင်စုနေ့အားကြိုဆိုဂုဏ်ပြု‌သည့်အ‌နေဖြင့် "ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်အသိပညာ‌ ပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဧဆက်က ကျောင်းသားလူငယ်များအား "ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများ "နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ် နေ့များကိုအမှတ်ရကြစေရန်အချိန်ကိုစနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချ တတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စာပေများကိုဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ လူငယ်လူရွယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ လူ့ပတ်ဝန်းကျင်တွင် လိုက်လျောညီတွေစွာ နေတတ်စေရန်၊ရည်ရွယ်၍ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလွန် (အ.မ.က-၁) ကျောင်းမှ Grade-5 ကျောင်းသား/သူ (၄၀) ဦးတို့က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြ၍ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများက နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသဆောင်ရွက်ထားရှိမှုကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေ​ရေး၊ အသိပညာဗဟုသုတများတိုးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)