ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲပြုလုပ်

ကလေးဝ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်စစ်တုရင်ကော်မတီအတွင်းရေးမှူး ဦးကျော်ထွေးက ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်း စစ်တုရင်ပြိုင်ပွဲကို ၁၁ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု က၊ ခ ခွဲ၍ ပြိုင်ပွဲအားပတ်လည်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲ၌ ဆုရရှိသည့်အသင်းများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)