စစ်ကိုင်း ဇန်နဝါရီ ၂၈
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကဗျာလွတ်နှင့် အေရိုးဗစ်အကပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများအား ပြိုင်ပွဲများယှဉ်ပြိုင်စေခဲ့သည်။
ထို့နောက် ကဗျာလွတ်နှင့် အေရိုးဗစ်အကပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်ဦးစီးမှူး ဦးအေးကိုကို၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ အေရိုးဗစ်အကအဖွဲ့ (၁၀) ဖွဲ့၊ ကဗျာလွတ်အက အဖွဲ့ (၄) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)