ဘားအံ ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့၌ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာအသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးကြောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်ရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုသင်ကြားနိုင်ရေး ဆောင်ရွက်နေမှုကိစ္စရပ်များ၊ အမုန်းစကားနှင့်အကြမ်းဖက်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များ၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေး အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများဆိုင်ရာကိစ္စရပ်မျး၊ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ အကြောင်းအရာများတို့ကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးခွန်း များမေးမြန်းခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းလွှာများ ကောက်ယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)