မြဝတီမြို့တွင် အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ခြင်းအသိပညာပေးဆွေးနွေး

မြဝတီ            ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ယနေ မွန်းတည့် ၁၂ နာရီက အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး (Talk Show) ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်ဇင်မာဖြိုးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (တွဲဖက်) ကျိန္တလီမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းလေးတို့က စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ စွန့်ပစ်အမှိုက် (၄)မျိုးအလိုက် အမျိုးအစားခွဲခြားပုံ၊ အမှိုက်ပုံးအရောင်ခွဲခြားနှင့်  ခွဲခြားစွန့်ပစ်ရမည့် နည်းစနစ်များ၊ အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များသတ်မှတ်ပြီး ခွဲခြားစွန့်ပစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်အကျိုးသက်ရောက်မှုများ၊ ခွဲခြားစွန့်ပစ်ခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကင်းရှင်းစေမည့် အကျိုးကျေးဇူးများကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာကြရမည့် ​အကြောင်းအရာများကို ဆွေးနွေးကြသည်။

မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဥ်း၍ အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)