ရန်ကုန် ဇန်နဝါရီ ၁၇
သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဒါရ်ကာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၊ ဗိုလ်ချုပ်ကျေးရွာ အမှတ်( ၁)အခြေခံပညာမူလတန်း( လွန်)ကျောင်း၊ အ.မ.ကမူ(လွန်)သူဌေးကွင်းကျောင်းနှင့် အ.ထ.က ပျဉ်ထောင်ကျောင်း တို့၌ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အဖွဲ့များခွဲကာ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး KG တန်းကျောင်းသား၊ကျောင်းသူ များအားအာဟာရဖြစ်စေမည့် အစားအစာများကျွေးမွေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)