ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း တက်ရောက်၊ စစ်တွမြို့ သာသနာ့ဗိမာန်တော်ကြီးအကြီးစား ပြုပြင်မွမ်းမံခြင်း နှင့်ပြီးစီးမှုအခြေ အနေများ၊ Quick Win  အစီအစဉ်ဖြင့်ဆောင်ရွက်နေသော ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်

စစ်တွေ   ဇန်နဝါရီ    ၁၇

ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကယနေ့ကျင်းပသည့် အခမ်းအနားသည် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်နှင့်  အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ကိုယ်တိုင်တုံ့ပြန် ဆောင်ရွက်ရမည့် နည်းလမ်းများကို နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပြီး ကျင်းပ ပေးရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ဖြစ်လာမှ ရင်ဆိုင်တုံ့ပြန်ခြင်းထက် ဘေးမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ခြင်းသည် အကောင်းဆုံး နှင့် အထိရောက်ဆုံးသော နည်းလမ်းဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို စနစ်တကျရင်ဆိုင်တုံ့ပြန် ဆောင်ရွက်နိုင်ပြီး လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ ငလျင်ဘေး အန္တရာယ်သည် မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ခတ်မည်ဆိုသည်ကို ကြိုတင်ခန့်မှန်း၍မရသည့်အတွက် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်ရေးကို ပိုမိုအလေး ထားစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ငလျင်ဘေးအန္တရယ် သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်ခန်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် အရေးပေါ်အခြေအနေကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကိုယ်တိုင် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်ရာတွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မိမိတို့တစ်ဦးချင်း ကိုယ်စီတာဝန်ရှိကြခြင်းကို သိရှိနားလည်ပြီး ဘေးအန္တရာယ် ကျရောက်လာချိန်တွင် တစ်ဦးချင်းမှ တစ်မိသားစုချင်း၊ တစ်မိသားစုချင်းမှ တစ်ဖွဲ့ချင်း၊ အဖွဲ့လိုက်ဌာနဆရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကိုယ်တိုင်စနစ်တကျ ပါဝင်ဆောင်ရွက်စေခြင်းဖြင့် ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံကျော်လွှားနိုင်သည့် လူ့အဖွဲ့ အစည်းများပေါ်‌ပေါက်လာမည် ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ကူညီပေးကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှုကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်အတူ ဆောင်ရွက်ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့မှုများအပေါ်  ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ရာတွင် ပူးပေါင်းပါဝင် ကြသူများအား စားသောက်ဖွေရာ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးအကြီးစား ပြုပြင်မွမ်းမံခြင်း လုပ်ငန်း‌‌ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့်ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား စစ်တွေတပ်နယ်မှ ‌ဆောက်လုပ်ရေး တာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က မူလဗိသုကာဒီဇိုင်းအတိုင်း စနစ်တကျ စေတနာထားဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဌာနဆိုင်ရာရုံးများတွင် Quick Win အစီအစဉ်နှင့် လုပ်ငန်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ပြီး  Quick Win  အစီအစဉ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုအားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်တရားလွှတ်တော်၊ မြန်မာ့စာတိုက် လုပ်ငန်း စစ်တွေစာတိုက် သို့သွားရောက်ပြီး Quick Win  အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုအားလှည့် လည်ကြည့်ရှု စစ်ဆေးခဲ့ ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)