ဒလမြို့နယ် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒလ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းများကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းက တာကြီးရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

အဆိုပါကွင်းဆင်းဆေးကုသမှုကို ဒလမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဦးစိုးလင်းဦးတို့က တိုင်းရင်းဆေးအကြောင်းအရာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဦးစိုးလင်းဦးတို့က  ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးကြည့်ရှုစစ်ဆေးပေးခဲ့ခြင်းနှင့် တိုင်းရင်း‌ဆေးပညာဖြင့် ကျား (၂၇) ဦး၊ မ (၄၉) ဦး၊ စုစုပေါင်း (၇၆) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲရင့်သူ