ခရမ်းမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများ ကြည့်ရှုစစ်ဆေး

ခရမ်း ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်စောဝင်းနှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံနှင့် တာဝန်ရှိသူများသည် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် ညောင်ပင်ကွင်းကျေးရွာတို့တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး  သတ်မှတ်မဲရုံများအလိုက်  ရွေးကောက်ပွဲ ကျင်းပဆောင်ရွက်ရမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးပုံအဆင့်ဆင့်ကို တီဗွီမှတဆင့် စဉ်ဆက်မပြတ်ပြသမှုရှိစေရေး၊  မဲရုံတာ၀န်ကျ၀န်ထမ်းများ အဆင်ပြေစွာတာ၀န်ထမ်း ဆောင်နိုင်ရေး၊ မဲပေးစက်များ ထားရှိမည့်နေရာ အကျယ်အ၀န်း၊ မဲရုံပရဝဏ် အကျယ်အဝန်းနှင့် ပြည်သူများမဲပေးရာတွင် မဲရုံအ၀င်လမ်းနှင့် အထွက်လမ်းများ စနစ်တကျသတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 

အဆိုပါ မဲရုံများစစ်ဆေးရာသို့ ခရမ်းမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦး‌ အောင်ရဲနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့‌ကြောင်း သတင်းရသည်။

ခရမ်း(ပြန်/ဆက်)