တီးတိန်မြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

တီးတိန် ဇန်နဝါရီ ၁၄

ချင်းပြည်နယ် တီးတိန်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ညီညီအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝုန့်လျန်းခမ်နှင့် ဦးဝေဖြိုးဆောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ငိုင်ဆောမ်းညောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကမ်းဇဒေါင့်တို့က စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေး ဟောပြောကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လည့်စာကြည့်တိုက် ဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)