ဟားခါး ဇန်နဝါရီ ၁၃
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို အတတ်နိုင်ဆုံးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဗလငါးတန်နှင့်အညီ ရိုးရိုးသားသားဖြေဆိုပေးကြပါရန်တိုက်တွန်းလိုကြောင်း၊ ရိုးရိုးသားသားမှန်မှန်ကန်ကန်ဖြေဆိုခြင်း သည် ပထမဖြစ်ပြီး အောင်ချက်မြင့်မားရေးသည် ဒုတိယဖြစ်သည်ကို အလေးအနက်ထားပြောကြား လိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ်တာဝန်ခံက ချင်းပြည်နယ်၏ နှစ်အလိုက်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှု၊ အောင်ချက်ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်တို့က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်သို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)