စစ်တွေမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ ကျင်းပ

စစ်တွေ ဇန်နဝါရီ 

(၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ကလေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုတို့အား စစ်ဆေးအမှတ်ပေးကြရာ ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မြအေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ တာဝန်ရှိသူများသည် ကလေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား အာဟာရဖြည့်စွက်စာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ် ချီးမြှင့်ကြသည်။

(၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲသို့ စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မွေးစမှ အသက် (၆) လအထိ ကလေးငယ်များ၊ အသက် (၆) လမှ အသက် (၁) နှစ်အထိ ကလေးငယ်များ၊ အသက် (၁) နှစ်မှ (၁) နှစ် (၆) လအထိ ကလေးငယ်များ လာရောက ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)