ပင်လုံမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ဆောင်ရွက်

ပင်လုံ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား  ထောက်ပံ့ငွေများပေးအပ်ခြင်းကို အမှတ်(၁)ရပ်ကွက်ရုံး၌ ယမန်နေ့ ညနေ (၄)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပင်လုံမြို့ အမှတ်(၁)ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာလျှက်ရှိသည့် ပြည်သူများကို ဇူလှိုင်၊ သြဂုတ်၊ စက်တင်ဘာ (၃)လစာအတွက် တစ်ဦးလျှင် (၆၀၀၀၀)ကျပ်နှုန်းဖြင့်  စုစုပေါင်း (၁၇၆)ဦးအတွက် ထောက်ပံ့ငွေ (၁၀၅၆၀၀၀၀) သိန်းတစ်ရာငါးသိန်း​ခြောက်သောင်းကျပ်အား အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့မှ ထောက်ပံ့​ငွေ​များကို ပေးအပ်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)