တောင်ကုတ်မြို့၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကုတ် မေ ၂၅

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးတို့က အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက ဆင်းရဲနွမ်းပါး ကျောင်းသား၊ကျောင်းသူများသို့ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ထီးများကို ပေးအပ်ခဲ့ပြီးနောက် အ.ထ.က(၁) ကျောင်းသား၊ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို‌၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)