အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

အမ်း မေ ၂၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက  မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိူးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/ ၂၀၂၄) အရ မုန်တိုင်းငယ်အခြေအနေနှင့် မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေ၊ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ နောက်(၇၂) နာရီအတွင်းခန့်မှန်းချက်၊ သတိပေးနှိုးဆော်ချက်နှင့်အကြံပြုချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)