မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံလက်ခံခြင်းကို စတင်ဆောင်ရွက်

မာန်အောင် မေ ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အ.ထ.က-ခွဲ (၄) ကျောင်း၊ အ.လ.က (၉) ကျောင်း၊ အ-လ-ကခွဲ (၄) ကျောင်း၊ အ-မ-က (၇၈) ကျောင်း၊ မူလွန် (၁၃) ကျောင်း၊ မူလတန်းကျောင်းခွဲ (၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း စုစုပေါင်း (၁၁၉) ကျောင်း ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို ယခုလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အဖြစ် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)