ကျောက်ဖြူ မေ ၂၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ အခြေခံ ပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းက စတင်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိရာ ယင်းသို့ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ထိုသို့ လှည့်လည်ကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများအား ဆရာ၊ဆရာမများက ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း