ကျိန္တလီမြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

ကျိန္တလီ မေ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်မှ စတင်ပြီး လက်ခံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိပဲ နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည့် စာ​ရေးကိရိယာများကို အခမဲ့ ထုတ်ပေးကြောင်းနှင့် ယခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်းသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညို၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတင်မောင်မြင့်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးကျော်သောင်းနှင့် ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)