ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ဂွ မေ ၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြ‌သည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားပြီး စာဖတ်သည့် အလေ့အကျင့်ရရှိရေး၊ စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရေးအတွက် မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊ အမှတ်(၈၅) သစ်စက်တို့ရှိ စာပေချစ်မြတ်နိုးသူများအား သုတ/ရသ စာအုပ် (၁၅၀) ကျော်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စာအုပ်များ ငှားရမ်းပေးခြင်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်(ပြန်/ဆက်)