အမ်း မေ ၂၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်း (၂၁၇)ကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်ရာတွင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။
အမ်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၁၇)ကျောင်း၊ အလယ်တန်းကျောင်း(၂၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၆)ကျောင်း၊ အ.မ.က (၆၁)ကျောင်း၊ အ.မ.က(ခွဲ)(၃၇) ကျောင်း၊ ဘုန်းတော်ကြီးသင်-၃ ကျောင်း၊ အခြေခံပညာကျောင်း(၂၁၇)ကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့အထိ နံနက် ၈ နာရီမှ ၄ နာရီအထိ ကျောင်းအပ်လက်ခံ သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)