ဂွမြို့နယ်အတွင်းရှိ ရေရှားပါးသည့်ကျေးရွာနေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ဂွ မေ ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကြွေချိုင်ကျေးရွာ၊ မြို့မရပ်ကွက်ရှိ စိမ့်စမ်းသာ၊ ဒေါင့်ချောင်းကျေးရွာ၊ ကိုင်းတောကွင်းကျေးရွာများ၌ ပြည်သူများသောက်သုံးရေ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မေလဒုတိယပတ်မှ စတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက  သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေလှူဒါန်းပေးရာတွင် မေလ(၇)ရက်နေ့က ကြွေချိုင်ကျေးရွာသို့ ဂွမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဥ် ၁စီးဖြင့် ရေဂါလန် ၂၄၀၀ နှင့် ဆပ်သွားမီးသတ်ယာဥ် ၁စီးဖြင့် ရေဂါလန် ၆၀၀၊ စုစုပေါင်းရေဂါလန် ၃၀၀၀ အားလည်းကောင်း၊ မေလ(၈)ရက်နေ့က မြို့မရပ်ကွက် စိမ့်စမ်းသာသို့ မီးသတ်ယာဥ် ၁ စီးဖြင့် ရေဂါလန် ၁၆၀၀ အားလည်းကောင်း၊ မေလ(၉)ရက်နေ့က ဒေါင်းချောင်းကျေးရွာအုပ်စု၊ ၁၃ မိုင်နှင့် ၁၄ မိုင်ကျေးရွာများအား မီးသတ်ရေသယ်ယာဥ် ၁ စီးဖြင့် ရေဂါလန် ၂၄၀၀ အားလည်းကောင်း၊ မေ(၁၁)ရက်နေ့က ကိုင်းတောကွင်းကျေးရွာအား မီးငြှိမ်းသတ်ယာဥ် ၁ စီးဖြင့် ရေဂါလန် ၈၀၀ အားလည်းကောင်း၊ မေလ(၁၄)ရက်နေ့က ဂွမြို့ မြို့မရပ်ကွက်၊ စိမ့်စမ်းသာအား မီးငြှိမ်းသတ်ယာဥ် ၁ စီးဖြင့် ရေဂါလန် ၂၄၀၀ အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် နွေရာသီကာလ၌ ရေရှားပါးသည့်ကျေးရွာများတွင် နေထိုင်သည့်ပြည်သူများအား သောက်သုံးရေများ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်