အမ်း မေ ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လုံးကောက်ကျေးရွာအုပ်စု လုံးကျေးရွာ၊ ခရမ်းကျွမ်းကျေးရွာ၊ ချင်းကုန်းကျေးရွာတို့မှ ဈေးရပ်ကွက် ဓာတ်ပေါင်းစုမြတ်စွယ်တော်ဓမ္မာရုံသို့ ယာယီခိုလှုံရန်အတွက်ပြောင်းရွှေ့လာသည့် ယာယီနေရပ်စွန့်ခွာသူများ စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေကို ယနေ့နံနက်(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးမှု၊ ဆန်ရိက္ခာပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးနေမှုတို့ကို ပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်က ယာယီနေရပ်စွန့်ခွာသူများ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေး အထောက်အပံ့ဖြစ်စေရန်အတွက် ဆန်ရိက္ခာ(၁)လစာဖိုးငွေ ထောက်ပံ့ပေးအပ်ကြောင်း ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ယာယီနေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၁၉၂) ဦးတို့၏ လတ်တလော စားဝတ်နေရေးအဆင်ပြေစေရေးအတွက် လူတစ်ဦးလျှင် (၉၀၀၀)နှုန်းဖြင့် ဆန်ရိက္ခာ(၁) လစာဖိုးငွေ(၁,၇၂၈,၀၀၀)အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်တို့က ယာယီနေရပ်စွန့်ခွာသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်