ကျိန္တလီ မေ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက်(၃) ရပ်ကွက်ရှိအသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး (ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)တို့ကို ထိုးနှံပေးလျက်ရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရန် (Rota)ကာကွယ်ဆေးရည်ကိုပါ တိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိန္တလီ (ပြန်/ဆက်)