ဂွ ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ယနေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး စာဖတ်သည့် အလေ့အကျင့်ရရှိရေး၊ စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရေးအတွက် မြို့နယ် ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊ အမှတ်(၈၅)သစ်စက်တို့ရှိ စာပေချစ်မြတ်နိုးသူများအား သုတ/ရသစာအုပ်(၁၅၀)ကျော်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စာအုပ်များ ငှားရမ်းပေးခြင်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်