တောင်ကုတ် မတ် ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မြို့ကျက်သရေဆောင် လောကထွဋ်ခေါင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်ရှိ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် ဗောဓျာရာမကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတည်ဆောက်သည်။
ဆက်လက်၍ ရန်ခေါ်ဆရာတော်မှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားပင့်ဆောင်ခြင်း၊ အနန္တဂုဏ်ရည်ဆရာတော်မှ ပဌာန်းတရားနာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ဝိသုဒ္ဓါရာမ ဆရာတော်မှ ပဌာန်းတရားနာကြားရန် တိုက်တွန်းနှိုးဆော်လွှာ ပဌာန်းအမွှန်းဂါထာတော်အား ရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ကြပြီးနောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို သံပြိုင်ညီညာရွတ်ဆို၍ အလှည့်ကျ ဘာဏကသံဃာတော်များက အစီအစဉ်အတိုင်း ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါအခမ်းအနားသို့ တေင်ကုတ်မြို့နယ်ရှိ ပင့်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး ပဌာန်းပွဲတော်ကို မတ်လ(၂၃)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)