အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမ်း မတ် ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ‌ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းနေအရွယ် စာပေချစ်မြတ်နိုးသူ လူငယ်များအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ လူကုန်ကူးခြင်း ဖြစ်လာနိုင်သည့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းများ၊ လူကုန်ကူးခြင်းသည် ဥပဒေကို ဆန့်ကျင်ပြီး မှားသည့် လုပ်ရပ်တစ်ခု ဖြစ်ပါကြောင်း၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရ ရေး အသိပညာပေးအ ကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းနေအရွယ် စာပေချစ်မြတ်နိုးသူ လူငယ်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများနှင့် ပြတိုက်ငယ် (Museum) ခင်းကျင်းထားရှိမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)