အမ်း မတ် ၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကျောင်း၊ ရပ်ကွက်/ ကျေးရွာတို့၌ အခါအခွင့်သင့်၍ ပြောဆိုခွင့်ကြုံလာပါက ပြောတတ်ဆိုတတ်စေရန် ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကျင်းပပေးခြင်းဖြစ်ကြောင်းနှင့် စာပေဆိုင်ရာ အသိပညာ ရရှိမည့်အကြောင်းအရာများအား ပြောကြားသည်။
ထို့နောက် ဒို့ကျေးရွာဂျာနယ်ပါ ဆောင်းပါးရှင် မောင်မောင်မြင့်သိန်း ရေးသားသည့် ခန့်မှန်းရခက်သောအနာဂတ်ကို နိုင်နင်းအောင် ဆောင်ရွက်နေသော လူငယ်များ ဆောင်းပါးပါ အကြောင်းအရာများကို မြို့နယ်ဦးစီးအရာရှိက ဆွေးနွေးရာတွင် ယနေ့လူငယ်များသည် အနာ ဂတ်မှာ နိုင်ငံတော်နှင့် ကုမ္ပဏီများရဲ့အောင်မြင်မှုဟာ ယနေ့လူငယ်များအပေါ်မှာ မူတည်လျက် ရှိပါကြောင်း၊ လူငယ်တွေ ယနေ့အချိန်ထိ အသုံးပြုလျက်ရှိတဲ့ သမားရိုးကျ ခွဲခြမ်းစိတ်ဖြာပြီး တွေးခေါ်ခြင်းအပေါ်မှာ မှီခိုမနေတော့ဘဲ ဆန်သစ်ဖန်တီးမှုနဲ့လိုက် လျောညီထွေ တွေးခေါ်ခြင်းအပေါ်မှာ မှီခိုနေမှာဖြစ်ပါကြောင်း၊ ပြောင်းလဲလိုက်ခြင်းဟာ ကုမ္ပဏီများနဲ့ လူတွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကြီးမားတဲ့ဂယက် ရိုက်ခတ်မှုတွေဖြစ်လာမှာဖြစ်ကြောင်း၊ ကမ္ဘာကြီးမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးသန်း ရောင်းဝယ်ရေးပြုလုပ်ရကြောင်း၊ အသိပညာတွေ ဖလှယ်လာကြ၊ ဒါကြောင့် ဘွဲ့ရလူငယ်တွေဟာ တခြာနိုင်ငံတွေမှာ အံဝင်ခွင်ကျအလုပ်လုပ်နိုင်ဖို့ အသိပညာတွေ ဆည်းပူးပြီး သူတို့ရဲ့အနာဂတ်အတွက် ပြင်ဆင်လာကြရမှာဖြစ်ပါကြောင်းအနာ ဂတ်မှာ ကုမ္ပဏီများရဲ့အောင်မြင်မှုဟာ လူငယ်လုပ်သားများအပေါ်၌ တည်မှီလျက်ရှိပါကြောင်းတို့ကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။
ယင်းနောက် စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင် မောင်မျိုးဝေ၊ မမိုးမိုးဝင်း၊ မချိုချိုသန်း၊ မခင်သီတာဝင်းနှင့် တက်ရောက်လာသူများက ဆောင်းပါးပါ အကြောင်းအရာများမှသိရှိလို သည့်မေးမြန်းချက်များအား ဦးစီးအရာ ရှိ ဦးစန်းဝင်းက ဖြေ ကြားဆွေးနွေးခဲ့သည်။
ထို့နောက်နံရံကပ်စာ စောင်ပြပွဲအားဆက်လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိဦးစန်းဝင်းက ပူပြင်းသောနွေရာသီကိုရောက်ရှိလာပြီဖြစ်၍ မီးဘေးနှင့်အယ်နီညိုရာသီဥတုများဖြစ်ပေါ် လာပါက ရှောင်ရန် ဆောင်ရန်အချက်များနှင့် အသိပညာပေးနံရံကပ်စာစောင်ပါ အကြောင်းအရာများအား စာပေမြတ်နိုးသူ လူငယ်များအား ရှင်းလင်းပြောကြားခဲ့ရာ စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုကြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)