ကျိန္တလီ မတ် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က (ကျိန္တလီ)စာစစ်ဌာန၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာနှင့် သမိုင်းဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အ.ထ.က (ကျိန္တလီ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ဖြေဆိုရန်စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူဦးရေမှာ ကျား(၃၃)ဦး၊ မ(၄၂)ဦး စုစုပေါင်း(၇၅)ဦး ရှိသည့်အနက် ယနေ့နံနက်(၉)နာရီအချိန်တွင် ဝင်ရောက် ဖြေဆိုသူဦးရေမှာ ကျား(၃၂)ဦး၊ မ(၄၂)ဦး၊ စုစုပေါင်း(၇၄)ဦးနှင့်ဖြေဆိုရန် ပျက်ကွက်သူ ကျား(၁)ဦး၊မ(-)ဦး၊စုစုပေါင်း (၁)ဦးရှိပြီးသမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေမှာ ကျား (၁၉)ဦး၊ မ(၂၄)ဦး၊ စုစုပေါင်း(၄၃)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေမှာ ကျား(၁၉)ဦး၊ မ(၂၄)ဦး၊စုစုပေါင်း(၄၃)ဦးနှင့်ဖြေဆိုရန်ပျက်ကွက်သူမရှိကြောင်း သိရပါသည်။
ရူပဗေဒဘာသာရပ်ကို ဝင်ရောက် ဖြေဆိုမှုမှာ ရာခိုင်နှုန်းအားဖြင့်(၉၈.၆%)နှင့် သမိုင်းဘာသာရပ်ကို ဝင်ရောက်ဖြေဆိုမှုမှာ ရာခိုင်နှုန်းအားဖြင့် (၁၀၀%) ရှိကြောင်း သိရှိရပါသည်။
ကျိန္တလီမြို့ အ.ထ.က (ကျိန္တလီ)စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျိန္တလီမြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဆရာ/ဆရာမများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ကျိန္တလီ(ပြန်/ဆက်)