ငပလီ မတ် ၁၂
ရခိုင်ပြည်နယ် ငပလီမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၅၂၂)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၁၂)ရက်နေ့ နံနက်၉နာရီမှ၁၂နာရီထိ ၃နာရီမေးခွန်းလွှာကို သက်ဆိုင်ရာစာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမများမှ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။
ငပလီမြို့တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က ငပလီနှင့် အ.ထ.ကခွဲ လင်းသာစာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၅၄၁)ဦး ရှိသည့်အနက် ဖြေဆိုသူ (၅၂၂) ဦး ပျက်ကွက်(၁၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မြင့်အေး