ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆို

ဂွ မတ် ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၃)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် အ.ထ.က(ဂွ)ရှိ (ဂွ)စာစစ်ဌာန၊ အ.လ.က(မြို့သစ်)ရှိ ဆပ်သွားစာစစ်ဌာန၊ အ.ထ.က(ကျိန္တလီ)ရှိ ကျိန္တလီစာစစ်ဌာနများတွင် အတွင်းဖြေဆိုသူ၃၅၃ ဦး၊ အပြင်ဖြေဆိုသူ(၉)ဦး၊ စုစုပေါင်း(၃၆၂)ဦးရှိပြီး၊ ပျက်ကွက်သူအတွင်းဖြေ(၇)ဦး၊ အပြင်ဖြေ(၁)ဦး၊ စုစုပေါင်း(၈)ဦးရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်း ၉၇.၈၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကြပ်အဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျကြီးကြပ်ဆရာ၊ ဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စာစစ်ဌာနများအလိုက်ကြီးကြပ်လျက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်