ကျိန္တလီ မတ် ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျိန္တလီ စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၁၇)ဦးတို့က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထား သော ကျောင်းသား၊ကျောင်းသူဦးရေမှာ ကျား(၅၂)ဦး၊ မ(၆၆)ဦး၊စုစုပေါင်း (၁၁၈)ဦး ရှိသည့်အနက် ယနေ့နံနက်(၉)နာရီအချိန်တွင် စာမေးပွဲလာရောက်ဖြေဆိုသူဦးရေမှာ ကျား (၅၁)ဦး၊ မ(၆၆)ဦး စုစုပေါင်း(၁၁၇) ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူဦးရေမှာ ကျား(၁)ဦးရှိရာ အ.ထ.ကကျိန္တလီ စာစစ်ဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ စာမေးပွဲလာရောက်ဖြေဆိုမှုမှာ ရာခိုင်နှုန်းအားဖြင့် (၉၉.၁၄၅၂%) ရှိသည်။
ဩကျိန္တလီမြို့အ.ထ.က ကျိန္တလီစာစစ်ဌာန တွင်စာမေးပွဲဖြေဆိုနေသည့်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အတွင်းစည်း၊အပြင်စည်း ကန့်သတ်ထားရှိပြီး စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက် မဖြစ်ပေါ်စေရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေရန် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)