ဂွ မတ် ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့၊ နေ့လယ်(၁၂)နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ အများဆုံးတွေ့ရှိနိုင်သောနေရာများ၊ ကလေးအလုပ်သမားများ များပြားလာရသည့်အကြောင်းရင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နေမှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိကလေးအလုပ်သမားပပျောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ အကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်