ငပလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၄၉၃)ဦးမှ ဝင်ရောက်ဖြေဆို

ငပလီ မတ်  ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် ငပလီမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ကျောင်းသူ (၅၂၃)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိ ၃ နာရီ မေးခွန်းလွှာကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျ ဆရာ၊ဆရာမများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

ငပလီမြို့တွင် စာစစ်ဌာနများဖြစ်သည့် အ-ထ-က ငပလီနှင့် အထကခွဲ လင်းသာစာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၅၄၁)ဦးရှိသည့်အနက် ဖြေဆိုသူ (၅၂၃) ဦး ပျက်ကွက် (၁၈) ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 မြင့်မြင့်အေး