သံတွဲ ဖေဖေါ်ဝါရီ ၁၂
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်မူလတန်းအဆင့် ကဗျာရွက်ဆိုပြိုင်ပွဲနှင့် ကာယဉာဏပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သံတွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးက ဝင်းတင် (နတ်တလင်း) ရေးသားသည့် ပြည်ထောင်စုနေ့ကဗျာအား ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကာယဉာဏပြိုင်ပွဲများအဖြစ် စာအုပ်ရွက်ပြိုင်ပွဲ၊ ထိုင်ခုံလုပွဲနှင့် မျက်စိမှိတ်မုန့်ကျွေးပြိုင်ပွဲကို ကျင်းပရာ အဆိုပါကျောင်းများမှ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင်လက်ဆောင်အဖြစ် ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ခရိုင် (ပြန်/ဆက်)