ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

သံတွဲ ဖေဖော်ဝါရီ ၁

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိရာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိခြင်းဖြင့် ရောဂါကင်းဝေးသက်တမ်းစေ့နေနိုင်စေရေးအတွက် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ကထိကဒေါက်တာမိုးစံ ဦးဆောင်သည့် အဖွဲ့သည် သံတွဲခရိုင် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၁၁ နာရီမှ စတင်၍ သံတွဲခရိုင်အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကုသရာတွင် သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင် ၁၂၀ ဦးခန့်အား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ (အခမဲ့) စမ်းသပ်ခွဲစိတ် ကုသပေးသွားမည်ဖြစ်ကြောင်း သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)