ဂွ ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ယမန်နေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး စာဖတ်သည့်အလေ့အကျင့်ရရှိရေး၊ စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရေးအတွက် မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊ အမှတ်(၈၅)သစ်စက်တို့ရှိ စာပေချစ်မြတ်နိုးသူများအား သုတ/ရသစာအုပ်(၁၅၀)ကျော် အားငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် စာအုပ်များငှားရမ်းပေးခြင်းကို အပတ်စဥ်ကြာသပတေးနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်