ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှူဒါန်းသော ဆန်အိတ်များပေးအပ်လှူဒါန်းပွဲ တက်ရောက်

စစ်တွေ    ဇန်နဝါရီ  ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့သော 10 Kg ဆန် အိတ်(၄၈၀၀) အိတ်ပေးအပ်လှူဒါန်းပွဲကိုယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီး ကျောင်းခန်းမ၌ကျင်းပရာ ရခိုက်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ရွှေစေတီဘုန်းတော်ကြီးကျောင်း ဆရာ တော်အားဖူးမြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ မုန်တိုင်းသင့် ပြည်သူများအတွက် လှူဒါန်းသော ဆန်အိတ်များအား ပြည်သူလူထုအတွက် ထပ်ဆင့်ဖြန့်ဝေပေးအပ်ပွဲ ဖြစ်ကြောင်း၊ (MWCDF)အသင်းကြီး၏ ရည်ရွယ်ချက်များပါအတိုင်း အသက်(၇၅)နှစ်နှင့်အထက် အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူ ငယ်များ၊ Single Mother (မုဆိုးမ)များ၊ မသန်စွမ်းအမျိုးသမီးများ၊ မိဘမဲ့ကလေးများနှင့် သီလရှင်များအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အနေဖြင့် စစ်တွေမြို့ပေါ်ရှိ နို့တိုက်မိခင်(၁၀၁၀)ဦး၊ အသက်(၂)နှစ်အောက်ကလေး (၁၀၈၈)ဦး၊ကိုယ်ဝန်ဆောင်မိခင်(၆၈၀) ဦး၊ တစ်ခုလပ်မုဆိုမ(၆၂၀) ဦး၊ အသက်(၇၅)နှစ်နှင့်အထက်အဘွား(၄၀၇) ဦး၊ အသက်(၈၅)နှစ်အထက် အဘွား (၇၄၈) ဦး၊ သီလရှင် (၃၄၃) ဦးနှင့် မိဘမဲ့ဂေဟာမှ ကလေး(၆၉) ဦးစုစုပေါင်း ပြည်သူလူထု(၄၈၀၀) ကျော်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း၊  ဆက်လက်၍လည်း မြို့နယ်အလိုက် အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ပေးအပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိမိတို့ရပ်ရွာအတွင်းမှာ ရှိနေကြသည့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ Single Mother (မုဆိုးမ)များနှင့် မသန်စွမ်းသူများကို ဝိုင်းဝန်စောင့်ရှောက်ကြခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင်ရှိသော လူမှုရေးအခက်အခဲရှိသူများအပေါ် စာနာနားလည်ရင်း ဖေးမကူညီကြပါရန်တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အသကက်(၈၅) နှစ်အထက် အဘွားနှစ်ဦးအား ဆန်အိတ်များထောက်ပံ့ပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးများ၊ Single Mother နှင့် အမျိုးသမီးဦးဆောင်အိမ်ထောင်စုဝင်များ၊ အမျိုးသမီး ဦးဆောင်အိမ်ထောင်စုဝင်(မုဆိုမ)၏ သားသမီးများ၊ မသန်စွမ်းအမျိုးသမီးများ၊ အသက်(၇၅) နှစ်အထက် အဘွားများ၊ မိဘမဲ့ဂေဟာနှင့် သာသနာ့နွယ်ဝင်သီလရှင်များကို ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သော ဌာနများ၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး၊ ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုတို့နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာနများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)