အမ်း ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ကလေးနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်တို့က စာပေမြတ်နိုးသူ ကျောင်းသားကျောင်း သူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊ ကလေးနှင့်ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်းစာအုပ်မှ စာရေး ဆရာဖေမြင့်ရေးသားသည့် စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကို ရရှိလိုလျှင်ဆောင်းပါး၊ စာရေးဆရာညွန့်ဝေမိုး ရေးသားသည့် အနာဂတ် ရိက္ခာ စာဖတ်ပါဆောင်ပါးနှင့် စာဖတ်ခြင်းအကျိုး၊ စာအုပ်စာပေထဲက အကျင့်နဲ့စရိတ္တဆောင်းပါးများတွင်ပါရှိသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး စာပေမြတ်နိုးသူ မခင်ခင်စိုး၊ မဇင်မာဦး၊ မစန္ဒမိုး၊ မမြင့်မြင့်ထွေး၊ မခင်ဖြိုးဖြိုးဝင်းနှင့် တက်ရောက်လာသူများကကလေးနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စာဖတ်ခြင်းစာအုပ်မှ အဆိုပါဆောင်းပါးပါအကြောင်းအရာများအား ဖတ်ကြား ဆွေးနွေးပြီး သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ဖြေကြားဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်တွင်ပါရှိသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ၊ လူကုန်ကူးခြင်းဖြစ်လာနိုင်သည့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည်တန်ဆာအဖြစ် လုပ်ကိုင်ရန် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းများ၊ လူကုန်ကူးသူများ၏လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရရေး အသိပညာပေးအကြောင်းအရာများကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်းသူ လူငယ်များအား ရှင်းလင်းဆွေးနွေးပြော ကြားခဲ့သည်။
အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေမြတ်နိုးသူ ကျောင်းသားကျောင်းသူလူငယ်များအား အသိပညာဗဟု သုတရရှိစေရန်အတွက် စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲပြခန်းများ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)