တောင်ကုတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တောင်ကုတ် ဇန်နဝါရီ ၁၆

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံအချက် အမှတ်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ဇန်နဝါရီ  ၁၆ ရက်နေ့မှစတင်၍ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများအဆင်ပြေစေရန်အတွက် မြို့နယ်ဦးစီးမှူးရူံးမှ လဝကမှူး ဦးမြင့်ဦးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များရေးသွင်းခြင်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)