ဘူးသီးတောင် ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဘူးသီးတောင်အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန်အမှတ်(၁/၂၀၂၄)အရ အကျဥ်းသား/အကျဉ်းသူများ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဘူးသီးတောင်မြို့ အကျဥ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးအောင်ကျော်ကျော်တို့က လွတ်မြောက်လာသော အကျဥ်းသား/သူများအား ဆုံးမသြဝါဒစကားပြောကြားသည်။
ထို့နောက် ဘူးသီးတောင်အကျဥ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးလှိုင်က အမှာစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင်ထွက်လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။ ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား(၃၃)ဦး၊ အကျဉ်းသူ(၁၅)ဦး စုစုပေါင်း(၄၈)ဦး တို့ကိုလွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)