မာန်အောင်မြို့အ.ထ.က(ခွဲ)စျေးတန်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲ ကျင်းပ

 

မာန်အောင် ဇန်နဝါရီ ၅

ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပညာရည်ချွန်ဆုပေးပွဲနှင့်ပဒေသာကပွဲကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အခမ်းအနားကို အ.ထ.က(ခွဲ)စျေးတန်း ကျောင်းသား၊ကျောင်းသူများက ဆုနှင်းသဘင်အခါတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကျောင်းအုပ်ဆရာကြီးဦးမြင့်လွင်မှ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲ ခေတ်ဟောင်းကာလပေါ် အခြေခံပညာအဆင့်(ရွှေတံဆိပ်) ဆုရှင်မဆုမြတ်ထက်နှင့် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ (၇၆)မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊မြို့နယ်အဆင့်လွတ်လပ်ရေးနေ့အကြို စာစီစာစီကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများနှင့် ဘာသာရပ်သင်စွမ်းရည်ဆုရ ဆရာ၊ ဆရာမများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)