ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ကျိန္တလီ ဇန်နဝါရီ  ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက အ.ထ.က ကျိန္တလီကျောင်းရှိ ဆရာ/မများနှင့် ကျန်းမာရေးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအား စာပေဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်အကြိုက် ငှားရမ်းပေးခဲ့သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်လင်း