ကျောက်ဖြူမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဖြူ   ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်ကျရောက်မည့်(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက အခြေခံပညာကျောင်းများသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ၎င်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံး ဖြစ် ဆောင်းပါး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ (၂၀-၁-၁၉၄၆) ရက်နေ့၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော အမျိုး သားညီညွတ်ရေး မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ကဗျာ၊ သရုပ်ဖော် ကာတွန်းနှင့် ဆောင်ပုဒ်များစသည့်  စိတ်ဝင်စားဖွယ်အကြောင်းအရာများ ကဏ္ဍစုံလင်စွာ ပါဝင်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)