ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် 

မောင်တော  ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။  

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများမှ  ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက် (၂ နှစ် အောက် ကလေးများ အား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ထမ်းဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတွင်လည်း ပုံမှန်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်