ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ကျောက်ဖြူ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများ ထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်ရက်များတွင် နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။

ထို့အပြင်  သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစား ဝန်ထမ်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့၌ ပင်စင်လာရောက် ထုတ်ယူသူ ၇၂၈ ဦးတို့အား ပင်စင်လစာငွေကျပ် (၇၄.၉၄၃) သန်းကို ထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ယူရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း