မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအနေဖြင့် သံတွဲမြို့၊ မေတ္တာဝတီဘိုးဘွားရိပ်သာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး

သံတွဲ နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအနေဖြင့် အထူးကု ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အခမဲ့ဆေးကုသခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက သံတွဲမြို့နယ်၊ နန်းချောင်းကျေးရွာ၊ မေတ္တာဝတီဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

သံတွဲမြို့နယ်၊ နန်းချောင်းကျေးရွာ၊ မေတ္တာဝတီဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အဘိုး၊ အဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဘိုး/ဘွားများအား သွေးတိုးနှင့်ဆီးချိုရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ အထွေထွေရောဂါများ ကုသပေးခြင်း၊ မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် သွားရောဂါများ စမ်းသပ်ကုသပေးခြင်းများအပြင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှု အနေဖြင့် သံတွဲမြို့၊ မေတ္တာဝတီ ဘိုးဘွားရိပ်သာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ခရိုင်အဆင့်/ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များပါ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)