မာန်အောင်မြို့မဟာဓမ္မိကာရုံကျောင်းတိုက်၌(၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲကျင်းပ

မာန်အောင် နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့မဟာဓမ္မိကာရုံကျောင်းတိုက်၌(၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့မရပ်ကွက်ရှိ မဟာဓမ္မိကာရုံ (ရွှေကျင်)ကျောင်းတိုက်တွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကြွရောက်တော်မူသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် တရားနာပရိတ် သတ်များက``နမောတဿ ´´(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။  ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဓမ္မိကာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိစိတ္တ သာရထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်(၅၃)တို့က ပရိတ်တရားတော် မြတ်ကိုချီးမြှင့်ကြသည်။

ထို့နောက် မဟာဓမ္မိကာရုံကျောင်းတိုက်ဒါယကာ၊ ဒါယိကာမများ၏ (ကိုယ်စား)ပစ္စည်းလေးပါးကော် မတီဥက္ကဋ္ဌဦးဘကျင်မှ ကထိန်လျာမြတ်သင်္ကန်းကို သံဃာတော်ထံ ဆက်ကပ်လှူဒါန်းကြပြီး ဇီးတောကျေးရွာ (မြောက်)ကျောင်းဆရာတော်ဘဒ္ဒန္တ ခေမာနန္ဒထံမှ ကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကာ ``ဗုဒ္ဓသာသနံစိရံတိဋ္ဌတု´´(၃)ကြိမ်ရွတ်ဆို အခမ်းအနား ရုပ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)